အမာ
🌿 Hello all! ဒီနေ့ကတော့ ဆရာမ မွန်ဟော်စီ ရဲ့ “ အမာ ” ဆိုတဲ့စာအုပ်လေးကို Review လေး ရေးပေးသွားမှာပါ။ ဒီစာအုပ်လေးမှာတော့ ဆရာမမွန်ဟော်စီရဲ့အဘွား၊ မြန်မာနိုင်ငံရဲ့ (၆၁) ယောက်မြောက် ဆရာဝန်မကြီး ဒေါ်သန်းဋ္ဌေး (ခေါ်) အမာရဲ့အကြောင်းနဲ့အတူ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်က နေထိုင်ပုံ၊ ဝတ်စားဆင်ယဉ်ပုံ၊ ယဉ်ကျေးမှုအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဆရာမက ဒီစာအုပ်လေးအတွက် အချိန်နှစ်နှစ်ခန့်ပေးပြီး ရေးဖွဲ့ခဲ့တယ်လို့ သိရပါတယ်။ 🌿 🌿 စာအုပ်လေးထဲမှာတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တဲ့အချိန်မှာ အမာတို့သားအမိတွေ အသက်လုပြီး ပြေးရတာဖတ်ရင်း ကိုယ်တိုင်စစ်ကြီးထဲမှာအမာတို့နဲ့အတူ ပြေးနေရသလိုပါပဲ။ စာအုပ်လေးစထွက်တဲ့ အချိန်က ဒုတိယကမ္ဘာစစ်အကြောင်းကို ဖေဖေ၊ မေမေတို့နဲ့အတူ ပြောနေခဲ့ရာက အခုဆိုရင် စစ်ရိပ်စစ်ငွေ့ကို ကိုယ်တိုင်ပါခံစားလာရပါပြီ။ စစ်အတွင်းဗုံးကြဲတော့ အမာတို့အိမ်လေး ဗုံးထဲပါသွားတာကိုဖတ်ရင်း အမာ့ကိုသနားမိပါသေးတယ်။ အမာ့အမေရဲ့ ရှေးရိုးစွဲအုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာရပေမယ့် အမာဟာသူမအမေအပေါ် လုံးဝမငြိုငြင်တာကိုဖတ်ရတော့ အမာ့ရဲ့သည်းခံမှုကို အံ့ဩရပါတယ်။ စစ်ရှောင်နေရင...