Posts

Showing posts with the label ဖတ်ညွှန်း

အမာ

Image
🌿      Hello all! ဒီနေ့ကတော့ ဆရာမ‌ မွန်ဟော်စီ ရဲ့ “ အမာ ” ဆိုတဲ့စာအုပ်လေးကို Review လေး ရေးပေးသွားမှာပါ။ ဒီစာအုပ်လေးမှာတော့ ဆရာမမွန်ဟော်စီရဲ့အဘွား၊ မြန်မာနိုင်ငံရဲ့ (၆၁) ယောက်မြောက် ဆရာဝန်မကြီး ဒေါ်သန်းဋ္ဌေး (ခေါ်) အမာရဲ့အကြောင်းနဲ့အတူ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်က နေထိုင်ပုံ၊ ဝတ်စားဆင်ယဉ်ပုံ၊ ယဉ်ကျေးမှုအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဆရာမက ဒီစာအုပ်လေးအတွက် အချိန်နှစ်နှစ်ခန့်ပေးပြီး ရေးဖွဲ့ခဲ့တယ်လို့ သိရပါတယ်။ 🌿 🌿      စာအုပ်လေးထဲမှာတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တဲ့အချိန်မှာ အမာတို့သားအမိတွေ အသက်လုပြီး ပြေးရတာဖတ်ရင်း ကိုယ်တိုင်စစ်ကြီးထဲမှာအမာတို့နဲ့အတူ ပြေးနေရသလိုပါပဲ။ စာအုပ်လေးစထွက်တဲ့ အချိန်က ဒုတိယကမ္ဘာစစ်အကြောင်းကို ဖေဖေ၊ မေမေတို့နဲ့အတူ ပြောနေခဲ့ရာက အခုဆိုရင် စစ်ရိပ်စစ်ငွေ့ကို ကိုယ်တိုင်ပါခံစားလာရပါပြီ။ စစ်အတွင်းဗုံးကြဲတော့ အမာတို့အိမ်လေး ဗုံးထဲပါသွားတာကိုဖတ်ရင်း အမာ့ကိုသနားမိပါသေးတယ်။ အမာ့အမေရဲ့ ရှေးရိုးစွဲအုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာရပေမယ့် အမာဟာသူမအမေအ‌ပေါ် လုံးဝမငြိုငြင်တာကိုဖတ်ရတော့ အမာ့ရဲ့သည်းခံမှုကို အံ့ဩရပါတယ်။ စစ်‌ရှောင်နေရင...

ပန်းတွေပွင့်ဖို့ စောင့်ရချိန်

Image
  🌼      Hello all! ဒီနေ့ကတော့ ပထမဆုံးပိုစ့်အနေနဲ့ ဆရာမ ပုညခင် ရဲ့ “ ပန်းတွေပွင့်ဖို့ စောင့်ရချိန် ” ဆိုတဲ့ စာအုပ်လေးကို Review လေး ရေးပေးသွားမှာပါ။ ဒီစာအုပ်လေးကတော့ လွန်ခဲ့တဲ့ (၃) နှစ်ခန့် (၂၀၁၇) ခုနှစ်လောက်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မိသားစု ပြဿနာတွေကနေ Depression ဝင်ခဲ့တဲ့ ကချင်မိန်းကလေးတစ်ယောက်အကြောင်းနဲ့အတူ ကချင်ပြည်နယ်ရဲ့ အလှအပတွေ၊ ဘိန်းစိုက်ခင်းတွေအကြောင်း၊ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့ ကချင်ပြည်သူတွေအကြောင်းကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ 🌼 🌼      ဒီစာအုပ်လေးကိုဖတ်ရတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကကို ဇာတ်ကောင်ကချင်မိန်းကလေးနဲ့ ဘိန်းစိုက်ခင်းထဲမှာ ပြေးလွှားနေမိသလို၊ အဒွေ့ (အဘွား) နဲ့အတူ လိပ်ပြာအကလေး သင်မိသလို၊ ချမ်းအေးလှတဲ့ လသာညမှာ ဇာတ်ကောင်တွေနဲ့အတူတူ ဆော့ကစားမိသလိုတောင် စိတ်ထဲထင်မှတ်ရပါတယ်။ ကချင်ပြည်နယ်မှာ စစ်ကြီးကိုရင်ဆိုင်ရင်း တစ်ရွာပြောင်းတစ်ရွာရွှေ့နဲ့ အလုပ်အကိုင်ရှားပါးလာလို့ ဘိန်းစိုက်ပြီး အသက်မွေးရသူတွေအကြောင်း ဖတ်ရတော့ ကရုဏာသက်မိရပါတယ်။ ဖားကန့်ဆိုတဲ့ ကျောက်စိမ်းတွေထွက်ရာမြေကနေ မူးယစ်ဆေးစွဲခဲ့ရတဲ့လူငယ်တွေ၊ ကျောက်စိ...