ပန်းတွေပွင့်ဖို့ စောင့်ရချိန်
🌼 Hello all! ဒီနေ့ကတော့ ပထမဆုံးပိုစ့်အနေနဲ့ ဆရာမ ပုညခင် ရဲ့ “ ပန်းတွေပွင့်ဖို့ စောင့်ရချိန် ” ဆိုတဲ့ စာအုပ်လေးကို Review လေး ရေးပေးသွားမှာပါ။ ဒီစာအုပ်လေးကတော့ လွန်ခဲ့တဲ့ (၃) နှစ်ခန့် (၂၀၁၇) ခုနှစ်လောက်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မိသားစု ပြဿနာတွေကနေ Depression ဝင်ခဲ့တဲ့ ကချင်မိန်းကလေးတစ်ယောက်အကြောင်းနဲ့အတူ ကချင်ပြည်နယ်ရဲ့ အလှအပတွေ၊ ဘိန်းစိုက်ခင်းတွေအကြောင်း၊ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့ ကချင်ပြည်သူတွေအကြောင်းကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ 🌼 🌼 ဒီစာအုပ်လေးကိုဖတ်ရတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကကို ဇာတ်ကောင်ကချင်မိန်းကလေးနဲ့ ဘိန်းစိုက်ခင်းထဲမှာ ပြေးလွှားနေမိသလို၊ အဒွေ့ (အဘွား) နဲ့အတူ လိပ်ပြာအကလေး သင်မိသလို၊ ချမ်းအေးလှတဲ့ လသာညမှာ ဇာတ်ကောင်တွေနဲ့အတူတူ ဆော့ကစားမိသလိုတောင် စိတ်ထဲထင်မှတ်ရပါတယ်။ ကချင်ပြည်နယ်မှာ စစ်ကြီးကိုရင်ဆိုင်ရင်း တစ်ရွာပြောင်းတစ်ရွာရွှေ့နဲ့ အလုပ်အကိုင်ရှားပါးလာလို့ ဘိန်းစိုက်ပြီး အသက်မွေးရသူတွေအကြောင်း ဖတ်ရတော့ ကရုဏာသက်မိရပါတယ်။ ဖားကန့်ဆိုတဲ့ ကျောက်စိမ်းတွေထွက်ရာမြေကနေ မူးယစ်ဆေးစွဲခဲ့ရတဲ့လူငယ်တွေ၊ ကျောက်စိ...